Terms of Service

Literature Garden Online Writing Platform တွင် စာပေပေးသားသည့် စာရေးသူများသည် အောက်ပါ စည်းမျဉ်းစည်းကမ်းများကို နားလည်ပြီးသားဖြစ်ရမည်


၁။ စာရေးသူများအနေဖြင့် မိမိကိုယ်တိုင်ဖန်တီး/ ရေးသား/ ဘာသာပြန်ဆိုထားသည့် စာပေများကို Literature Garden Online Writing Platform တွင် အခမဲ့‌သော်သော်လည်း‌ကောင်း၊ အခကြေးငွေဖြင့်‌သော်လည်း‌ကောင်း လွတ်လပ်စွာတင်နိုင်သည်။၊

၂။ Literature Garden တွင် တင်ထားသည့် စာပေများသည် စာရေးသူများ၏ မူပိုင်သာဖြစ်ပါသည်။ စာအုပ်ထုတ်ဝေခွင့်နှင့် အခြား လုပ်ငန်းဆောင်ရွက်ချက်များအတွက် Literature Garden မှ ဝင်ရောက်စွက်ဖတ်ခြင်းများ ပြုလုပ်မည်မဟုတ်ပါ။

၃။ Literature Garden တွင် တင်သည့် စာပေများသည် စာရသူများ ကိုယ်တိုင် ဖန်တီး/ရေးသား/ ဘာသာပြန်ဆိုထားသည့် စာပေများသာ ဖြစ်ရသည်။ အခြား စာရေးသူများ၏ အရေးအသား၊ ဇာတ်လမ်းဇာတ်ကွက်များကို တုပရေးသားခြင်းများ မရှိရပါ။

၄။ Literature Garden တွင် တင်ထားသော စာများသည် လူတစ်ဦးတစ်ယောက် (သို့မဟုတ်) လူမျိုးစုတစ်ခုခု (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုခု (သို့မဟုတ်) ကိုးကွယ်ယုံကြည်မှု တစ်ခုခုကို ထိခိုက်စော်ကားသည့် အရေးအသားမျိုး မဖြစ်ရစေ။

၅။ Literature Garden တွင် ရေးသားသော စာပေများကို အသက်အရွယ်အလိုက် ကန့်သတ်ချက်များ ထည့်သွင်းဖော်ပြထားရမည်။

၆။ ကန့်သတ်ချက်များ ပါဝင်နေသည့်စာပေများတွင် မည်သည့်အချက်များကြောင့် ကန့်သတ်ရခြင်းကိုပါ ဖော်ပြထားရမည်။ (ဥပမာ - သွေးထွက်သံယို ဇာတ်ဝင်ခန်း၊ ထိတ်လန့်ကြောက်ရွှံ့ဖွယ် ဇာတ်ဝင်ခန်းများနှင့် လိင်အသားပေး ဇာတ်ဝင်ခန်းများ)
ကန့်သတ်ချက်များအား တိကျစွာ ဖော်ပြထားခြင်းမရှိဘဲ ကန့်သတ်ဇာတ်ဝင်ခန်းများ ရေးသားပါက သတိပေး/ဖျက်ချ ခြင်းများ  ပြုလုပ်မည်ဖြစ်ပါသည်။ ရိုင်းစိုင်းသော/ ပြင်းထန်သော အရေးအသားများအတွက် စာရေးသူများမှ Admin Team သို့ Report ပြုလုပ်နိုင်သည်။

၇။ စာရေးသူ၏ စာပေများသည် အခြားစာပေများကို ကူးယူထားခြင်း/ ဇာတ်လမ်းဇာတ်ကွက် အရေးအသားများ ဆင်တူနေခြင်းတို့ ဖြစ်ပေါ်လာပါက Literature Garden မှ သေချာ စုံစမ်းစစ်ဆေးခြင်းများ ဖြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်ပါက စာပေစိစစ်ရေးသို့ တင်ပြ၍ ဆုံးဖြတ်ချက်ခံယူရမည်ဖြစ်သည်။

၈။ Literature Garden ၏ နှစ်စဉ် စာပေဆု ရွေးချယ်ပေးအပ်မည့် အစီအစဥ်တွင်ပါဝင်မည်ဆိုပါက ဆုရွေးချယ်ရေးအဖွဲ့မှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာရမည်ဖြစ်သည်။